တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre ) ခန်းမတွင်စာဖတ်ဝိုင်းကျင်းပပြီး စာအုပ်စာစောင်ပြပွဲကျင်းပ

တံတားဦး ဖေဖော်ဝါရီ   ၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ မြင်းခြံကျော်အောင်ရေးသား သော“ကျန်းမာချမ်းသာအောင် ဘယ်လိုလုပ်မလဲ”စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦဂဘိုမောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါအကြောင်းအရာ များဖြစ်သည့် “ကျန်းမာခြင်းအစ အစာစားခြင်းက”နှင့် “အသက်ဉာဏ်စောင့်” စသည့်အကြောင်းအရာ များကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးရဲမောက်ဦး က “လူလတ်ပိုင်းအရွယ်ကျန်းမာရေး” ၊ “ကြီးပွားအောင်မြင်ရေး ဖြည့်ဆည်းပေး’နှင့် “သင်သာ တကယ်တတ်ချင်စိတ်ရှိလျှင် ”  စသည့်အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင် များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည် ။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများ၊ ကျောင်းသား/သူများလေ့လာသင့်သည့် စာအုပ်စာစောင် များကိုပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာကြည့်ရှုအားပေးကြပြီး မြို့နယ်ဦး စီးအရာရှိနှင့်ဝန်ထမ်းများက ကျောင်းသား/သူများကို အမှတ်တရလက်ဆောင်များချီးမြှင့်ပေးအပ်ကြသည်။တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်အများ ပြည်သူများကို Online မှတစ်ဆင့် ပြည်သူများအသိပညာဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)  များ ၊ ပြပွဲ ၊ ပြိုင်ပွဲများ ၊ ဆွေးနွေးပွဲများ ၊ သင်တန်းများကို လစဉ်ဆက်လက်ကျင်းပ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည် ။

 ဦးရဲတင့်(ပြန်/ဆက်)