လယ်ဝေး ဖေဖော်ဝါရီ ၈
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများကို လယ်ဝေးမြို့နယ်ရုံးတွင် ဆက်လက်ကျင်းပလျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းတွင်ကဗျာရွက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နေရည်(ပြန်/ဆက်)