မိုင်းပျဉ်းမြို့၌ အမျိုးသမီးများနှင့်ကျန်းမာရေး အသိပညာပေး Talk Show ကျင်းပ

မိုင်းပျဉ်း ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အမျိုးသမီးများနှင့်ကျန်းမာရေး အသိပညာပေး Talk Show ကို ယမန်နေ့မွှန်းလွှဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အမျိုးသမီးများနှင့်ကျန်းမာရေး အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်နန်းဝိုးစိန်က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကျဉ်း၊ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းပင်းတစ်(ပ်)က မိခင်နှင့်ကလေးကျန်းမာရေး ရည်ရွယ်ချက်၊ ကလေးဘဝဖြစ်စဉ်အကြောင်းအရာများ၊ အမျိုးသမီးရောဂါများ မရရှိစေနိုင်ရေးသတိထားရမည့် ကျန်းမာရေးပြသနာများအကြောင်း၊ အမျိုးသမီးများ အိမ်ထောင်မကျမီ စောင့်ထိန်းလိုက်နာသင့်သည့်အချက်များ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်သွားစေရေး အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသမီးများနှင့်ကျန်းမာရေး အသိပညာပေး Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး We Love Minepyin Page တွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)