မိုင်းပန် ဖေဖော်ဝါရီ ၈
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အား/ကာကော်မတီ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေး တိုးတက်သွက်လက်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး အစုအဖွဲ့များတွင် ပူးပေါင်းပါဝင်လုပ်ဆောင်တတ်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းများမှ အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ အား/ကာကော်မတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ကျောင်းသား/သူများအဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)