ကော့သောင်း ဖေဖော်ဝါရီ ၈
လူငယ်ရေးရာအသိပညာပေးအဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့နယ် အထက(၁)ကျောင်းခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းက စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာအုပ်ပြပွဲသို့ လူငယ်ရေးရာဟောပြောပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများလေ့လာဖတ်ရှုခဲ့ကြပြီးကျောင်းသား၊လူငယ်များအားစာဖတ်ခြင်းအလေ့အထရှင်သန်လာစေရေးနှင့် စာပေဗဟုသုတများဖြင့်အမှား၊အမှန်၊အကောင်း၊အဆိုး ကိုဝေဖန်ပိုင်းခြားသုံးသပ်တတ်လာကြစေရန်အတွက်သုတ၊ရသစာအုပ်/စာစောင်များနှင့် အခြားဗဟုသုတဖြစ်ဖွယ်စာအုပ်စာပေများ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။
စာဖတ်ခြင်းအလေ့အထရှင်သန်ထက်မြက်လာရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရေး နှင့် စာပေမှအသိပညာဗဟုသုတများရှာမှီးတတ်လာစေရေး ရည်ရွယ်ကာကျောင်းသား ကျောင်းသူကလေးငယ်များအားလူငယ်ရေးရာအသိပညာပေးလုပ်ငန်းအဖြစ်စာအုပ်ပြပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းလည်းသိရသည်။
ခရိုင်(ပြန်/ဆက်)