လောင်းလုံးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လောင်းလုံး  ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ပြည်ထောင်စုနေ့ အခမ်းအနားနှင့်ပတ်သက်၍ လိုအပ်သည်သည်များကို ဆွေးနွေးတင်ပြကာ မြို့နယ်ကော်မတီအဖွဲ့ဥက္ကဋ္ဌမှ ဖြည့်စွက်အကြံပြုပြောကြားပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)