ပင်လောင်း ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း စာသင်ကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးဝန်ထမ်းများက သွားရောက်အခမဲ့ဖြန်ဝေခဲ့ကြသည်။
သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၏အဓိပ္ပါယ်၊ဗိုလ်ချုပ်အောင်ဆန်း၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ "စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့" ဆောင်းပါး၊ ဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် "စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့"ကဗျာ၊ "ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ တို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဥ်သွေးစည်းညီညွတ်ကြပါစို့" ကာတွန်းနှင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များဖြင့်ဝေဝေဆာဆာဖော်ပြထားပါသည်။
အဆိုပါလက်ကမ်းစာစောင်များအား ကျောင်းသား/ကျောင်းသူ၊လူငယ်/လူရွယ်များ ဖတ်ရှု လေ့လာခြင်းဖြင့် ပြည်ထောင်စုနေ့ဆိုင်ရာ ဗဟုသုတများ ပြည်ထောင်စုနေ့သမိုင်းကြောင်းကို ပိုမိုသိရှိနိုင်စေရန်အတွက် ပင်လောင်းမြို့ အမှတ်(၁)၊ အမှတ်(၂) နှင့် ထီတလိကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့တွင်လည်းကောင်း၊ ပင်လောင်းမြို့ အရှေ့ရပ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြခြင်းဖြစ်သည်။
မြို့နယ်ပြန်/ဆက်