မိုင်းယောင်းမြို့၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မန်နေ့နံနက် ၁၀ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ရုပ်သံကျွမ်းကျင်- ဒေါ်နန်းစီဖောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့အကြောင်းနှင့် တိုင်းရင်းသားများ စည်းလုံး အားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက်တွဲလက်ခိုင်ကျည် ပေါင်းစုညီ ဒို့ညီနောင်ထု ပြည်ထောင်စု ညီညွတ်ခြင်းသည် စွမ်းအင်စည်းလုံးခြင်းသည် ခွန်အား ပြည်ထောင်စု၏ နှလုံးသားစသည့် ဆောင်ပုဒ်များကို ဆွေးနွေးခဲ့ကြသည်။

စိုင်းအောင်ဇော်လင်း