ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ကျင်းပ

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းအမှုဆောင် (အဖွဲ့ဝင်) စာရေးဆရာ ဦးလပြည့်ဇင်လက်ယာ (မေတ္တာတံခွန်)က ပြည်ထောင်စုဆိုသည့်အဓိပ္ပါယ်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလင်္ကာကျော်စွာ အမျိုးသားစာပေတစ်သက်တာဆုရှင် ကဗျာဆရာကြီးသူရဇော်ရေးသားသော မြသားနီလာကဗျာများစာအုပ်မှတို့ ပြည်ထောင်စုသားကဗျာဖြင့် ရွတ်ဆို၍ ပြည်ထောင်စုနေ့အကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/‌ ဆက်)