ဘုတ်ပြင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့က ဘုတ်ပြင်းမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင်ကျင်းပသည်။

ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သန်းဆင့်က ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့်ထိရောက်သောကာကွယ်စောင့်ရှောက် မှုများပြုလုပ်နိုင်စေရန်၊ ကလေး သူငယ်များအားလုံး တည်ဆဲဥပဒေအရသတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့်အကာအကွယ်တို့ကို တန်းတူညီမျှမှုရှိစေပြီး ခွဲခြားဆက်ဆံခြင်းမပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်း‌ဟောပြောခဲ့ကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက ဟောပြောပွဲသို့တက်ရောက်လာသူများကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာစာစောင်များအားအသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)