ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask ဖြန့်ဝေခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပိုင်ကျုံ  ဖေဖော်ဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများနှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက် ခြင်းလုပ်ငန်းကို ယနေ့နံနက်()နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လူသွားလာများသည့် နေရာများ၌ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက်  Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ဝေငှပေးခဲ့ပြီး  အများပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား တာဝန်ရှိသူများတို့မှ အသိ ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ  ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ထိုးနှံပေးသည့်အပြင် ရောဂါကာကွယ်ရေးနည်းလမ်းဖြစ်သည့် Mask တပ်ဆင်ရေးလုပ်ငန်းများကိုလည်း ပိုင်ကျုံမြို့ရှိဌာနဆိုင်ရာများပူးပေါင်း၍ အပတ်စဉ် တနင်္လာနေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)