မောက်မယ်မြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ တပို့တွဲလမြန်မာ့ရိုးရာဓလေ့ထမနဲထိုးပြိုင်ပွဲ ကျင်းပ

မောက်မယ်  ဖေဖော်ဝါရီ  

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ တပို့တွဲလမြန်မာ့ရိုးရာ ဓလေ့ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက်တပို့တွဲလသည်  အအေးဓာတ်ပို၍အေးသဖြင့် နေရာ ဒေသအသီးသီးတွင် ထမနဲထိုးပြိုင်ပွဲကို ကျင်းပကြသည်။ ထမနဲသည် ကောက်ညှင်းဆန်၊ အုန်းသီး၊ မြေပဲဆန်၊ နှမ်းလှော်၊ နှမ်းဆီ၊  ချင်း၊ ဆား စသည်များစုစည်းပြီး အရသာစုံအောင်အထူး ပြုလုပ်ထားသော ကောက်ညှင်းထမင်းတစ်မျိုး ဖြစ်သည်။ ထိုရရှိလာသော ထမနဲများကို ဘုရားဆွမ်း ကပ်ခြင်း၊ ဘုန်းကြီးဆွမ်းလောင်းလှူခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းနှင့် အိမ်နီးနားခြင်း များကိုပေး ဝေလေ့ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် အဖွင့်အမှာစကားပြောကြားပြီး ယခုနှစ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာဓလေ့ထမနဲထိုးပြိုင်ပွဲတွင် ထွေ/အုပ် အသင်း၊ ရဲတပ်ဖွဲ့အသင်း၊ မီးသတ်အသင်း၊ ဌာနဆိုင်ရာမမများအသင်း၊ စုပေါင်းဌာနများ အသင်းတို့မှ အသင်း()သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများက ပြိုင်ပွဲဝင်အသင်းများ ကြိုးစားယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထမနဲထိုးပြိုင်ပွဲတွင် အခင်းအကျင်းပြင်ဆင်မှု၊ ပြိုင်ပွဲဝင်များဝတ်စားဆင်ယင်မှု၊ စည်းလုံးညီညွတ်မှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်းသပ်ယပ်မှု၊ အချိန်မီပြီးစီးမှု စသည့်သတ်မှတ်ထားသော အမှတ်ပေးစည်းမျည်းများနှင့်အညီ အမှတ်ပေးကာ အဆိုပါပြိုင်ပွဲတွင် ရဲတပ်ဖွဲ့အသင်း က ပထမ၊  မီးသတ်အသင်း က ဒုတိယဆုနှင့် ကျန်အသင်းများတို့က နှစ်သိမ့်ဆုများရရှိကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)