စမ်းချောင်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စမ်းချောင်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ် ခြင်းကို ယမန်နေ့ နံနက်(၇)နာရီက ကျွန်းတောတောင် (စံပြရပ်ကွက်)၊ ရွှေပြည်အေးလမ်း၊ ရွှေလဝင်းလမ်း၊ ဇဗ္ဗူရာဇ်လမ်း၊ ချမ်းသာလမ်းနှင့် ညောင်တုန်းလမ်းအတွင်းတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌  စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်( စံပြရပ်ကွက်) ရွှေပြည်အေးလမ်း၊ ရွှေလဝင်းလမ်း၊ ဇဗ္ဗူရာဇ်လမ်း၊ ချမ်းသာလမ်း၊ ညောင်တုန်းလမ်းအတွင်းတို့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊   မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ စုစုပေါင်းအင်အား (၁၀၀)ဦးဖြင့်  လမ်းအတွင်းရှိအမှိုက်များ ရှင်းလင်းခြင်း၊ သစ်ပင် သစ်ကိုင်းများ ခုတ်သိမ်းခြင်း၊ သွေးလွန် တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် သောက်သုံးရေကန်များ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နီလာစိုး