မိုင်းပျဉ်းမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် လမ်းညွှန်ပို့ချဆွေးနွေးပွဲ ကျင်းပ

မိုင်းပျဉ်း ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ရည်ရွယ်၍ လမ်းညွှန်ပို့ချဆွေးနွေးပွဲကို ပြည်နယ်/ခရိုင်/မြို့နယ် ပညာရေးမှူးတို့က ဦးဆောင်ကာ ယနေ့နံနက် နာရီက အခြေခံပညာအထက်တန်းကျောင်း ဇီဝကခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုက အဖွင့်အမှာစကားပြောကြာသည်။ ထို့နောက် ၂၀၂၂၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအား အနီးကပ်ပို့ချသင်ကြားပေးမည့် ကျိုင်းတုံ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ဆရာ၊ ဆရာမကြီးများက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမကြီးများက ဘာသာရပ်အလိုက် အလှည့်ကျသင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် လမ်းညွှန်ပို့ချဆွေးနွေးပွဲတွင် ပြည်နယ်ပညာရေးမှူး၊ ကျိုင်းတုံခရိုင်ပညာရေးမှူး၊ ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ မိုင်းပျဉ်းမြို့နယ်ပညာရေးမှူး၊ အထကကျောင်းအုပ်ကြီးများ၊ အထက်တန်းပြ ဆရာ၊ ဆရာမများနှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး၊ တက္ကသိုလ်ဝင်တန်း ဘာသာရပ် ()ခုအား ကျိုင်းတုံတက္ကသိုလ် ဆရာ၊ ဆရာမများက အလှည့်ကျအနေဖြင့် ဖေဖော်ဝါရီလ ရက်နှင့် ရက် ()ရက်တာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)