ဗိုလ်တထောင် ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ်များအားအချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁:၀၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ ဆောင်းအကုန်နွေအကူးသို့ စတင်ဝင်ရောက်လာချိန်၌ မီးဘေးအန္တရာယ်ကို အထူးဂရုပြုရန်လိုအပ်ကြောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးဦးမျိုးညီညီနှင့်အဖွဲ့ဝင်များမှ ရုံးဝန်ထမ်းများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့် တင်းထားရှိစေရေးစသည့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆောင်ရန် ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေး၊ မီးလောင်စဉ် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
မေနှင်း(ဗိုလ်တထောင်)