ကြည့်မြင်တိုင်မြို့နယ် အ.လ.က(၃)အ​ခြေခံပညာ​ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲပြုလုပ်

ကြည့်မြင်တိုင်   ဖေ​ဖော်ဝါရီ    ၃

ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်တစ်ဖက်ကမ်းရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခိုင်ဇာလင်းက ပြည်ထောင်စုနေ့အကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန် ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍  နံရံကပ်စာစောင်များပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းများဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း ( ပြန်/ဆက် )