ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအပါအဝင် ပြည်သူ(၄၆၁၀၅၄)ဦး ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင် ကျောင်းသား/ကျောင်းသူများအပါအဝင် ပြည်သူ(၄၆၁၀၅၄)ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရာဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများထိုးပေးရာတွင် မြို့နယ်အတွင်း သက်ဆိုင်ရာကာကွယ်ဆေးထိုးစုရပ်များတွင် သတ်မှတ်ရက်များအလို ထိုးနှံပးလျက်ရှိရာ ပထမအကြိမ်တွင်(၂၁၁၄၅၂)ဦး၊ ဒုတိယအကြိမ်တွင် (၁၉၂၂၁၄)ဦး၊ တတိယအကြိမ်တွင်(၅၂၉၁၃)ဦး၊ စတုတ္ထအကြိမ်တွင်(၄၄၇၅)ဦး ထိုးနှံပေးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသောသူများအား သတ်မှတ်ကာလတွင်လာရောက်ထိုးနှံကြရန် ရပ်ကွက်/ကျေးရွာများတွင် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်