သိန္နီ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က အနာဂါတ်မျိုးဆက်သစ်လူငယ်များသည် တိုင်းပြည်အတွက် အားကိုးအားထား ပြုရမည့် လူငယ်များဖြစ်သည့်အတွက် ထက်မြက်၍ အမြဲတိုးတက်အောင် ကြိုးစားနေကြရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် လူငယ်အထောက်အကူပြုလုပ်ငန်းများကို သက်ဆိုင်ရာ၊ ဌာနများ အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ၂၁ ရာစု လူငယ်မျိုးဆက်သစ်နည်းပညာ အကြောင်း အရာများကို အသိပညာပေးဟောပြောခဲ့ သည်။ ဆက်လက်၍ လားရှိုးမြို့နယ် Lin Latt Women Organizational အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထန်းရာက အမျိုးသမီးများနှင့်ပတ်သက်၍ ကျား၊ မ အခြေပြု အကြမ်းဖက်မှု(၅)မျိုး အကြောင်းနှင့် လက်ရှိ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြသထားသော စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)