ချမ်းမြသာစည်မြို့နယ် အမှတ်(၃၆) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ချမ်းမြသာစည် ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၆) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်  ၉ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီးမိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ယနေ့ကာကွယ်ဆေးထိုးနှံမှုသည် အသက်(၅)နှစ် မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူဖြစ်ပြီး တတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျောင်းတွင်ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် အသက်အပိုင်းအခြားအတွင်းပြည့်မီလာမည့် အသက်(၅)နှစ်နှင့် အသက်(၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျစာရင်းပြုစု၍ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်၀င်းမြင့်ထံမှ သိရှိရသည်။

ခင်စိမ်းဝင်း