ပင်းတယမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု " စိုက်ပျိုးရေးသင်တန်း " ဖွင့်လှစ်

ပင်းတယ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တောင်ရှည်ကျေးရွာအုပ်စုလယ်ပြင် (နေကြာ-‌ဆီထွက်သီးနှံ)ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က “အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်း" ဖွင့်ပွဲကို လယ်ပြင်ကျေးရွာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်မှ သင်တန်းဖွင့်လှစ်ပေးခြင်း၏ ရည်ရွယ်နှင့်ပတ်သက်၍ ရှင်းလင်း

ပြောကြားပေးသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသားစုစုပေါင်း ၂၀ ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ယနေ့မှ ၂၀ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)