လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာပါသူများနှင့် စာရေးဆရာအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီ၌ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ခေတ်ဦးသုတရသဂျာနယ်မှ စာရေးဆရာဝင်းဇော် (လှိုင်သာယာ) ရေးသားသော သက်ရှည်ကျန်းမာ အသိပေးစရာဆောင်းပါးတွင်ပါသော လူသားအားလုံးတို့သည် မွေးဖွားချိန်မှ စတင်ကာ အသက်အရွယ်ကြီးလာပြီး ဦးနှောက်နှင့်အာရုံကြော ချို့ယွင်းခြင်း၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ရောင်ရမ်းခြင်းတို့သည် မြန်မာနိုင်ငံတွင်အဖြစ်များသည့် ရောဂါများ ဖြစ်ကြောင်း၊ နနွင်း၊ စပျစ်သီးတို့သည် အော်ဇိုင်းမားရောဂါကိုကာကွယ်၍ ရဲယိုသီး၊ နာနတ်သီး တို့မှာ စိတ်ကြည်လင်လန်းဆန်းမှု ရရှိစေကြောင်း၊ သွေးတိုးရောဂါရှိသူများသည် ဒန့်သလွန်ရွက်ကို စားသုံးစေလိုကြောင်း၊ အမျိုးသမီးများအတွက် အလွန်လိုအပ်သော ဓာတ်ပစ္စည်း တစ်မျိုးအဖြစ်ပဲ ပိစပ်ကိုစားသုံးဖို့လိုကြောင်းကို စာပေဝါသနာပါသူ စာရေးဆရာအသင်းဥက္ကဋ္ဌ ကြည်ကြည်မြင့်မြတ်က သုံးသပ်ဆွေးနွေးပြောကြားသည်။
စာရေးဆရာအသင်းမှ ကဗျာဆရာကိုမာတိ (ပန်းတောကြီး) က စာဖတ်ဝိုင်းတွင် အလုပ်တစ်ခုကို တစ်စိုက်မတ်မတ်နှင့် အချိန်ယူကာ ဦးစားပေး လုပ်သင့်ကြောင်း အပြန်အလှန် ဆွေးနွေးပြောကြားပြီး အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့၀င်များ၊ စာပေဝါသနာပါသူ (၄၅) ဦးတို့ တက်ရောက်ပြီး အပြန်အလှန် သုံးသပ်ဆွေးနွေး ပြောကြားလျက်ရှိသည်။
ခင်၀င်းမူ(ပြန်/ဆက်)