ရန်ကင်းမြို့နယ် အ.ထ.က (၂)တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူ (၃၁၈)ဦးအား Sinopharm Booster ထိုးနှံ

ရန်ကင်း ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူ များအား Sinopharm Booster ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ရန်ကင်းမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၁၈)ဦးအား Sinopharm Booster ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိသည်။

ထို့နောက် ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကျန်းမာရေးမှူး၊ အ.ထ.က(၂) ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းကော်မတီဝင်များ၊ မြို့မိ၊မြို့ဖများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်း၊ ခြောက်ပေအကွာမှာ စောင့်ဆိုင်းစေခြင်းတို့ကို ပြုလုပ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက်)