သံတောင်ကြီးမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာအုပ်များ အခမဲ့ငှားရမ်း

သံတောင်ကြီး ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊  အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန်  ယမန်နေ့ နေ့လည် (၃) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၃) ၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့ စာအုပ်များ ကွင်းဆင်းငှားရမ်းပေးရာတွင် သုတစာအုပ် ၊ ဝတ္တု ၊ ဂျာနယ် ၊ မဂ္ဂဇင်း ၊ ပုံပြင် ၊ ရုပ်ပြ စသည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များအား တစ်ပတ်လျှင် တစ်ကြိမ်စာအုပ် အသစ်များဖြင့် အပတ်စဉ် လှည့်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ