တံတားဦး ဇန်နဝါရီ ၁၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုမောင်က စာပေဖတ်ရှုသည့်အခါ အသံနေ၊ အသံထား၊ အဖြတ်အတောက်၊ မှန်ကန်စွာနှင့် ဖတ်ရှုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများသိရှိစေရန်၊ အာဇာနည်စိတ်ဓာက်ကိုသိရှိပြီး အားကျအတုယူစေရန်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို တံတားဦးမြို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူများက မိမိတို့လေ့လာထားသော စာအုပ်စာစောင်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ကြကြောင်း သိရသည်။
ရဲတင့်