ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကျောင်းသား၊ ကျောင်းသူများအား COVID -19 Booster doses ထိုးနှံပေး

ပင်းတယ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများကို COVID -19 ရောဂါကာကွယ်ဆေး (တတိယအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိသည်။

ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပင်းတယမြို့၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်မှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ အ‌ခြေခံပညာကျောင်းများတွင် သတ်မှတ်နေရာအသီးသီးတို့တွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးနေမှုကို ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)