သရက်ချောင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သရက်ချောင်း ဇန်နဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များက ယနေ့နံနက်(၉)နာရီက သရက်ချောင်းမြို့နယ် ကျောက်မြောင်းရပ်ကွက်နှင့် မော်ရှည်ကုန်းရပ်ကွက်များသို့ တစ်အိမ်တက်ဆင်းစာရင်းကောက်ယူခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက အနီးကပ်ကြီးကြပ်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) က ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်ကာ အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်ပြိုင်တည်းကွင်းဆင်းကောက်ယူလျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းတိကျမှန်ကန်စေရန် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင်ကောက်ယူရမည့် အိမ်ထောင်စုပေါင်းမှာ(၂၆၁၆၄)စုရှိပြီး ယနေ့အထိ အိမ်ထောင်စုပေါင်း(၁၇၁၅)စု ကောက်ယူပြီးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

သားကြီး