]မိုင်းပန် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၄)ကျောင်းတွင် အသက်(၅)နှစ်အထက်နှင့် (၁၂)နှစ်အောက် ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အသက်(၅)နှစ်အထက်နှင့် (၁၂)နှစ်အောက် ကိုဗစ်-၁၉ရောဂါ တတိယအကြိမ်ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံပေးရာတွင် မိုင်းပန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၁၃၅)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)မှ (၁၇၃)ဦး၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(မြို့မ)မှ (၂၇၂)ဦး၊ အခြေခံပညာမူလတန်းလွန်ကျောင်း(နားစန်း)မှ (၇၀)ဦး ကျောင်းသား/သူစုစုပေါင်း(၆၅၀)ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးပေးနေမှုအား မိုင်းပန်မြို့နယ် အမှတ်(၁၇)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးတင်မင်းလတ်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းနှင့် သက်ဆိုင်ရာဌာနများက ကျောင်းသား/သူများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)