လောက်ကိုင် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မဲခေါင်-လန်ချန်းဒေသ အထူးရန်ပုံငွေဖြင့်ဆောက်လုပ်သော မြို့နယ်သို့လှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲအခမ်းနားကို ယမန့်နေညနေပိုင်း ၄ နာရီ မိနစ် ၃၀ နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်၊ မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ(လောက်ကိုင်)အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ(လောက်ကိုင်)အဆောက်အဦသစ်ကို ပြည်ထောင်စုဝန်ကြီး သီရိပျံချီဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့က မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များမှ ကမ္ဗည်းမှတ်တမ်း(ကြေပြား)အား အမွှေးနံ့ သာရည်များပက်ဖျန်း၍ ဆုမွန်ကောင်းများတောင်းခဲ့ကြောင်းနှင့် အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လာရာလမ်းတွင် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောက်ကိုင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ အေးငြိမ်းချမ်းသာပန်းခြံ ပြင်ဆင်ဆောက်လုပ်နေသည့် အခြေအနေကိုဝင်ရောက်ကြည့်ရှုခဲ့သည်။ ပန်းခြံပြင်ဆင်ဆောက်လုပ်မည့်အခြေနေကို မြို့နယ်စည်ပင်သာယာရေးဌာန၊ အလုပ်အမှုဆောင် ဦးစိုင်းရန်နိုင်ဦးမှ ရှင်းလင်းတင်ပြခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်မည့်လုပ်ငန်းများအနက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)