တပ်ကုန်း​မြို့၌ အခြေခံပညာကျောင်းများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

တပ်ကုန်း ဇန်နဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပညာသင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်း သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ဇန်နဝါရီ  ၁၆ ရက် နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုရပ်ပြုလုပ်၍ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာကျော်မောင် ကြီးကြပ်ပြီး၊  ကျန်းမာရေးဆေးထိုးအဖွဲ့ ဆရာ၊ ဆရာမများက ကာကွယ်ဆေးများထိုးနှံပေးရာတွင်  ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား နာရီဝက်ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တွင် အလက(ခွဲ) ဘုရင့်နောင်မှ ကျောင်းသား၊ ကျောင်းသူ(၂၄၂)ဦး၊ အလက(ခွဲ) ပိန်းတောမှ ကျောင်းသား၊ ကျောင်း သူ (၁၂၅)ဦး၊ မူလွန်(၂)ဆရာစံမှ ကျောင်းသား၊ ကျောင်းသူ(၃၂၀)ဦး၊ မူလွန်ကံသာမှ ကျောင်းသား၊ ကျောင်းသူ(၁၂၃)ဦး၊ မူလွန် ညောင်ပင်ဝင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၅)ဦး၊ အောင်သရဖူကိုယ်ပိုင်ကျောင်းမှ (၈)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၇၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)