ရပ်စောက် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဌာနဆိုင်များ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေး၊ လာမည့် ဇန်နဝါရီ ၁၉ ရက်နေ့မှစ၍ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံရေးကိစ္စရပ်များ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဘတ်ဂျက် ကာလကုန်ဆုံးတော့မည်ဖြစ်သဖြင့် ဌာနအလိုက် ကျန်ရှိနေသော တည်ဆောက်ရေးလုပ်ငန်းများအား ပြီးပြတ်အောင် ဆောင်ရွက်ရေး၊ မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်သာယာလှပရေးဆောင်ရွက်ရန် စသည့်အကြောင်းအရာများကို ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဆွေးနွေးပေးခဲ့ပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)