သံတောင်ကြီး ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်ရန်ပုံငွေပြန်လည်ထုတ်ချေးခြင်း ကို သောက်ရေခပ်ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများပြည့်စုံအောင်ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း ချေးငွေဖြင့်လုပ်ငန်းများအမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများပြန်လည်ပေးဆပ်ကြရန်ပြောကြားခဲ့ပြီး မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့် သောက်ရေခပ်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူးရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသူ/အသင်းသားများအား စုစုပေါင်း ငွေကျပ်(၃၈၀)သိန်းအား ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ