လှည်းကူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

လှည်းကူး  ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကိုယနေ့နံနက် (၁၀)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က  ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင်ဒေါ်သင်းသင်းဆွေက အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်းဖြင့် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှုပပျောက်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်တတ်စေရန် စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)