မိုးမိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုးမိတ်  ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာမြင်းမိုရ်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျောင်းသား၊ကျောင်းသူများက စုံညီပွဲတော်ဒို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းနွဲ့က စနစ်သစ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

၎င်းနောက် ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းသီးချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး လူရည်ချွန်ဆုနှင့် ပညာသင်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက ပညာရေးဌာနမှ ပြသထားသော ပန်းချီ၊ ပိုစတာများနှင့် ကျောင်းပေါင်းစုံ လှုပ်ရှားမှုများအဖြစ်  ကျန်းမာရေး၊ အားကစား၊ ထူးချွန်စာမေးပွဲ  စသည့် ဓာတ်ပုံပြဘုတ်များအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)