တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် နေမှုလိုက်လံကြည့်ရှုအားပေး

ကော့သောင်း ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုအသီးသီးတို့တွင် စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်တွင် အေးမြကန်သာရပ်ကွက်၊ နွယ်သာဂီလမ်းနှင့် ပိတောက်ရွှေဝါ ရပ်ကွက်၊ဗဟိုလမ်းတို့၌ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း စာရင်းကောက်ယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးသည်။

ထိုသို့လိုက်လံကြည့်ရှုအားပေးရာတွင် အဆိုပါ (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/  ကျေးစာရေးများ နှင့်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တို့မှ ဝိုင်းဝန်းကာ အချိန်မှီပြီးစီးနိုင်ရေး၊လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ လုပ်ငန်းခွင်အတွင်း တွေ့ကြုံရမည့် အခက်အခဲများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုးဖြည်းဆည်းမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်သည် ကော့သောင်းမြို့နယ်စာရင်းကောက်အဖွဲ့များ လုပ်ငန်းခွင်အတွင်း အသုံးပြုရန်နေ့တွက်စရိတ်အဖြစ် ငွေကျပ် (သိန်းသုံးရာခုနှစ်သိန်းနှစ်သောင်း) ၃၀၇၂၀၀၀၀ိ/- အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးသို့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ခရိုင်ပြန်/ ဆက်