မိုင်းနောင် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းအဖြစ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) လုံယန်းကျေးရွာသို့ စာအုပ်၊စာစောင်များကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော မြို့ပေါ်နှင့် ကျေးရွာများရှိ စာသင်ကျောင်းများ စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတျရှုနိုင်ရေး၊ ပြင်ပဗဟုသုတများ ရရှိစေရေးနှင့် အားလပ်ချိန် တွင် စာအုပ်စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြှင့်မားရေးနှင့် ဘက်စုံထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်း လူငယ်များ ဖြစ်ပေါ်လာစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များသို့ စာအုပ်၊စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင် နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုလတွင် အလက(ခွဲ)ကျောင်းနှင့် အထက(ခွဲ)များသို့ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မနန်း(မိုင်းနောင်)