သုံးခွမြို့နယ် အထက(၂)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သုံးခွ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာ‌ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အထက(၂)ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်း‌ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးစုံညီပွဲတော်သည် ပညာရေး မြှင့်တင်ဖို့ အစီအစဉ်မှာ ပါ၀င်နေပါကြောင်း၊ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ အကြောင်းအရင်းက ဘက်စုံဖွံ့ဖြိုးတိုးတတ်မှုကို အထောက်အကူပြုစေဖို့အတွက် ဆရာ၊ မိဘ၊ ကျောင်းသား/ကျောင်းသူများအားလုံး ဝိုင်း၀န်းကူညီဆောင်ရွက် ကြစေလိုပါကြောင်း၊ ဝိုင်း၀န်းကူညီဆောင်ရွက်တဲ့အတွက် မိမိ၏ရရှိလာတဲ့ အသီးအပွင့်‌တွေကို ဒီပွဲလေးမှာဖွင့်လှစ်ပြီး ဖော်ပြပေးတဲ့ပွဲလေးဖြစ်ပါကြောင်း၊ ကလေး‌ တွေတိုင်းမှာ ကိုယ်ပိုင်အရည်အချင်း တွေရှိတဲ့အတွက် မိဘများအနေဖြင့် ကလေးတွေရဲ့ ပန်းတိုင်ကိုရောက်ရှိအောင် ဆရာများရဲ့ကြီးကြပ်မှု၊ မိဘ‌တွေရဲ့ ပံ့ပိုးမှုနှင့် လိုရာပန်းတိုင်သို့ ရောက်ရှိအောင် ချီတက်ရမှာဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး ကလေးတွေရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတတ်ဖို့ အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မိဘများ၊ ကျောင်းသား/ကျောင်းသူများအားလုံး ဒီထက်ပိုပြီး ကြိုးစားနိုင်ပါစေ၊ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနိုင်ပါစေလို ကြောင်းပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က(၂)ကျောင်းအုပ် ဆရာမကြီး ဒေါ်‌ ဆွေဆွေ၀င်းက ဩဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ(၃၃)ဦး ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ (၇၃) ဦးစုစုပေါင်း (၁၀၆) ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများ ကတေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်