၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုလောမြို့နယ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပုလော    ဇန်နဝါရီ   ၁၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပညာရေးစုံညီပွဲတော်တွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခင်မောင်စိုးက ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်ကို တည်ဆောက်အံ့ဟူသော ဆောင်ပုဒ်နှင့်အညီ ဆရာ/ဆရာမ များ၊ မိဘများ၊ ကျောင်းသား/သူ ပူးပေါင်းဆောင်ရွက်မှုများကို တွေ့ရှိရ၍များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ချီးမြှောက်ထိုက်သည့် ကျောင်းသား/သူများကို ချီးမြှင့်မြောက်စားခြင်းကလည်း မင်္ဂလာ တစ်ပါးဖြစ်ကြောင်း၊ အနာဂတ်တွင်လည်း အောင်မြင်ထူးချွန်သော နိုင်ငံတော်ကအားကိုးရသော သားကောင်းသမီးမြတ်များဖြစ်စေရန်အတွက် ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တိုင်းဒေသကြီးအဆင့်/ မြို့နယ် အဆင့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း  အကပဒေသာများဖြင့် စည်းကား သိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)