ရွှေပြည်သာမြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုကာကွယ်ရေးအတွက် (Mask Campaign) ပြုလုပ်ဆောင်ရွက်

ရွှေပြည်သာ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး(Mask Camapaign)ကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာ‌ပေးဆောင်ရွက်ရာတွင် ပြည်သူများ အပြင်သွားလာတိုင်းမဖြစ်မနေ (Mask) တပ်ဆင်ပြီးမှသာသွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး (Mask) မပါရှိသူများအား (Mask) အခုရေ (၅၀၀)အား ပြည်သူများထံ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။ (Mask Canpaign) ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း ( ရွှေပြည်သာ)