စုကလိ ဇန်နဝါရီ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းအား အသုံးပြုတတ်စေရန်နှင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများအား လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကာယဉာဏစွမ်းရည် ပြိုင်ပွဲဖြစ်သည့် ထိုင်ခုံလုပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးပြီး စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် သားငယ်သမီးငယ်လေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
စုကလိမြို့ ပြည်သူစာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြခြင်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်