နမ္မတူ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အသက်ငါးနှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် နမ္မတူမြို့နယ် အမှတ် (၅၊ ၇၊ ၉၊) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့ရှိ အသက် ငါးနှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၇၀၀)ဦး တို့အား ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်ထံက သိရသည်။
အဆိုပါ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်မာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန်လာရောက်သည့် ကျောင်သား/ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းကောက်ယူဖြည့်သွင်းပေးခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)