မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

မိုင်းပျဉ်း ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနား ပထမပိုင်းအစီအစဉ်အရ Grade-10 ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပါသည်။ ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြပြီး၊ အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က ၂၀၂၂−၂၀၂၃ ပညာသစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ပါသည်။ ယင်းနောက် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်မှ ကျောင်းတွင်းလှုပ်ရှားမှုဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြပြီး၊ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အရ အထက ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်သို့ တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် အမကကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထက ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယင်းကဲ့သို့  ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်ကို မိုင်းပျဉ်းမြို့၊ အထကခွဲကျောင်း၌လည်း  ယနေ့မွှန်းလွဲ (၁)နာရီက ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း ပညာရေးဌာနမှ သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)