ဟိုပန် ဇန်နဝါရီ ၁၃
မူလတန်းကြို ကလေးငယ်များအား ကျန်းမာကြံ့ခိုင်စေရန်နှင့် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်ကြစေရန်ရည်ရွယ်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရုံးကုန်းရပ်ကွက်ရှိ မူလတန်းကြို ကျောင်းဝန်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီက ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ကာယစွမ်းရည်ပြိုင်ပွဲတွင် မူကြိုကလေးငယ်များက အပြေး၊ အာလူးကောက်၊ သံပရာသီး ဇွန်းကိုက်၊ အရောင်ရွေး စသည့် ပြိုင်ပွဲများအား ကြီးဆင့်၊ ငယ်ဆင့် ခွဲကာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် မူကြိုကလေးငယ် အသက်(၄)နှစ်မှ(၅)နှစ် အတွင်း ကြီးဆင့်တွင်(၅၅)ဦးနှင့် အသက်(၃)နှစ်မှ(၄)နှစ် အတွင်း ငယ်ဆင့်တွင်(၄၅)ဦး စုစုပေါင်း(၁၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီ လ(၁၄)ရက်နေ့တွင် ဟိုပန်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆုများအသီးသီး ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)