မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံပြပွဲကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ဥပမာ၊ သာဓကများဖြင့် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မိုင်းယန်းခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး