နွားထိုးကြီး ဇန်နဝါရီ ၁၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက သာစည်+ကန်ရွာ(အမက)၊ ထန်းတောမ၊ ဆေးထိုး၊ ကန်ရွာသစ်၊ တာပါယ်(အထကခွဲ)၊ ငါ့စည်(အမက)၊ ကြာကန် (အလကခွဲ)၊ ခံစပ်ကုန်း၊ ဘူကိုင်း၊ မြဝတီ (အထကခွဲ)၊ ဇီ (အလက)၊ရွာသာအေး+ရိုးပြား(အမက)ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်း များမှ ကျောင်းသား၊ကျောင်းသူ (၆၁၈)ဦး၊စုစုပေါင်း(၂၅၆၃)ဦးကို သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေး ဝန် ထမ်းများက ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာ ကျောင်းသား၊ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်