ညောင်ဦးမြို့၌ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရန် လိုက်နာ ဆောင်ရွက်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ဟောပြော

ညောင်ဦး  ဇန်နဝါရီ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်(၁)ရပ်၊ ရွှေကုန်း ရပ်ကွက်ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရန် လိုက်နာဆောင်ရွက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး တွေ့ဆုံ၍ ပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ရှိမြှင့်တင်ရေး၊ စာကြည့်တိုက်များတွင် စာပေ ဗဟုသုတပညာရပ်များ လာရောက်လေ့လာဆည်းပူးကြရန်နှင့် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များတွင် အသင်းဝင်ကတ်များ ပြုလုပ်၍ သုတ/ ရသစာစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်းစာပေများငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ ရပ်ကွက်များ၌လည်း စာကြည့်တိုက်များ ထူထောင်တည်ဆောက်လိုပါက အချိန်မရွေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဆက်သွယ်၍ နည်းပညာ အကူအညီတောင်ခံနိုင် ကြောင်း ဆွေးနွေးဟောပြောသည်။ ဆက်လက်ပြီး ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိရန်၊ လိုက်နာဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း