မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက်အားသာချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စမ်းချောင်း  ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် Working Group မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းတွင် ကြုံတွေ့ရသည့်အားနည်းချက် အားသာချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃)နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်)ရပ်ကွက်၊‌ ဇေတဝန်ဘုန်း‌‌တော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချပ်‌‌ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်  ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်းက မြေပြင်တစ်အိမ် တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက်အားသာချက်များနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လိုအပ်သည်များပြောကြားပြီး တက်ရောက်လာကြသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နီလာစိုး