စမ်းချောင်းမြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း(Booster Dose) ထိုးနှံပေးခဲ့

စမ်းချောင်း  ဇန်နဝါရီ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး  Center တွင် ဆက်လက်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်()နှစ်မှအသက် (၁၂)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ()ကြိမ်ဆက်တိုက် ထိုးနှံပြီးစီးမှု(၅)လပြည့်ပြီးသည့် KGတန်းမှ Grade-5တန်းထိ အသက်(၅)နှစ်မှ အသက် (၁၂)နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၇၄၅)ဦးတို့ကို  ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေး အတွက်   အလုံခရိုင် အုပ်ချုပ်ရေးမှူး စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ အားပေး ဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိသည်။

နီလာစိုး (ပြန်/ ဆက်)