ပုဇွန်တောင် ဇန်နဝါရီ ၁၃
လူဦးရေစာရင်းများမှန်ကန်မှုရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင်၏ကြီးကြပ်မှုဖြင့် ဇန်နဝါရီ(၉)ရက်နေ့မှစတင်၍ ပုဇွန်တောင်မြို့နယ်တစ်မြို့နယ်လုံး၌ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများပူးပေါင်း၍ တစ်အိမ်ဝင်တစ်အိမ်ထွက် မြေပြင်လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါစာရင်းကောက်ယူမှုအခြေအနေများအား ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဌာနဆိုင်ရာအကြီးအကဲများမှ တာဝန်ကျသည့် သက်ဆိုင်ရာရပ်ကွက်များအလိုက် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး၊ အခက်အခဲများမရှိစေရေးအတွက် နေ့စဉ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အား ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်