ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေး လုပ်ငန်း ဆက်လက်ဆောင်ရွက်

ဒဂုံတောင် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြေပြင်ရှိ အိမ်ထောင်စုစာရင်း မှန်ကန်စွာရရှိရေး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က ရပ်ကွက်အလိုက် ဖွဲ့စည်းထားသော စာရင်းကောက်အဖွဲ့ (၂၈၂) ဖွဲ့က မိမိတို့တာဝန်ယူရသည့် ကောက်ကွက်များအလိုက် တစ်အိမ်တက်ဆင်း ဆက်လက်လိုက်လံကောက်ယူကြကြောင်း သိရသည်။

ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာတွင် စာရင်းကောက်အဖွဲ့များ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်  ဖွဲ့စည်းပေးထားသော မြို့နယ်ဌာနဆိုင်ရာအ​ကြီးအကဲ ကြီးကြပ်ရေးအဖွဲ့ (၈) ဖွဲ့ကလည်း မိမိတို့တာဝန်ကျသည့်ရပ်ကွက်များအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြိုနယ်တွင် ရပ်ကွက်အတွင်းရှိလူဦးရေအလိုက် ကောက်ကွက်များ ဖွဲ့စည်းပေးထားပြီး ကောက်ကွက်တစ်ဖွဲ့လျှင် လူဦးရေ (၅၀၀) ဖြင့် ကောက်ကွက်ပေါင်း (၂၈၂) ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)