သံတောင်ကြီးဒေသတွင်နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီးစတင်တူးဖော်ရောင်းချ

သံတောင်ကြီး  ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ပိုင်းတွင် အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ ပြီးဇန်နဝါရီလ ဒုတိယပတ်မှစတင်ပြီးနနွင်းများစတင်တူးဖော်ရောင်းချလျက်ရှိကြောင်းသိရသည်။

အဆိုပါနနွင်းကိုတူးပြီးရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာနေပူလှန်းခြင်းတို့ကိုဆောင်ရွက်ပြီး ရရှိလာသည့်နနွင်းများကို အရောင်တက်လာစေရန်ဇကာများဖြင့်နေလှန်းကာသံတောင်ကြီးမြို့ပေါ်နှင့် တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ ရောင်းချပေးလျက်ရှိပြီး ယခုနှစ်တွင်နနွင်းအခြောက်တစ်ပိဿာ ကျပ် (၆၀၀၀)အထိရရှိကြောင်းသိရသည်။

နော်နော်မူ